When you decided to go out for a date, go with one or more additional couples. Avoid going on frequent dates with the same person especially during your earlier times of your endeavour to choose the right person.
Developing serious relationships too early in life (i.e. around 18 and under) can limit the number of other people you can meet and can perhaps lead to wrong choices and waste of precious times. Invite your dating person to meet with your parents or guardian for a dinner or lunch at your home as you plan to proceed for higher upcoming rounds. Getting acquainted to the person you are dating to your family and home environment or getting acquainted yourself to their family and home can give you a better sense of suitability of values, culture and visions for future.
Choose to date only those who have high moral standards and in whose company you can maintain your values and standards. Remember that a young man and a young woman on a date are responsible to protect each other’s honor and virtue.
Plan dating activities that are safe, positive, and inexpensive and that will help you get to know each other better rather than simply getting attentions and approvals from others. Go only to places where you can maintain your standards and remain close to your beliefs and values.
Young men generally take the initiative in asking for and planning dates. Always be kind and respectful when you ask for a date or when you accept or decline one. While on a date, be courteous as you listen to others and express your own feelings.
As you enter your older adult years, make dating and marriage a high priority. Seek a companion who is worthy to hold and being around not only in good times, but also in terrible and hard times.
သင် လူတစ်ယောက်နှင့် ချိန်းတွေ့သည့်အခါ အခြား စုံတွဲ တစ်တွဲ၊ နှစ်တွဲ လောက်နှင့် အတူသွားပါ။ အထူးသဖြင့် သင့်တော်သောလူကိုရွေးချယ်ရန် ကြိုးပမ်းအားထုတ်နေသော သင်၏အစောပိုင်းကာလများ၌ လူတစ်ဦးတည်းနှင့်မကြာခဏ ချိန်းတွေ့ ခြင်းကိုရှောင်ပါ။
အသက်ငယ်စဉ်ကပင် (ဆိုလိုသည်မှာအသက် ၁၈ နှစ်အောက်) အရွယ်မှာ လေးနက်သောဆက်ဆံရေးကိုတည်ဆောက်ခြင်းသည် သင်ဘ၀တွင် တွေ့ဆုံနိုင်သော သင့်လက်တွဲဖော်ဖြစ်လာနိုင်မည့် လူများအရေအတွက်ကို နည်းသွားစေပြီး သင့်အားမှားယွင်းသောရွေးချယ်မှုကို ပြုလုပ်စေနိုင်ကာ သင့်ဘ၀၏ အဖိုးတန်သောအချိန်များ ကုန်ဆုံးစေသည်။ သင်နှင့် သင်ချိန်းတွေ့နေသော သူ ကြား ဆက်ဆံရေးကိုအဆင့်မြှင့်တော့မည်ဆိုလျှင် သင်ချိန်းတွေ့နေသော သူကို သင့်အုပ်ထိန်းသူ(သို့) သင့် မိဘများနှင့် တွေ့ဆုံနိုင်ရန် သင့်အိမ်မှာ နေ့လည်စာ(သို့) ညစာစားဖို့ ဖိတ်ကြားပါ။ သင်၏မိသားစုနှင့်အိမ်နှင့် သင်ချိန်းတွေ့သူနှင့်ရင်းနှီးကျွမ်းဝင်ခြင်း(သို့မဟုတ်)သင်နှင့်သင်ချိန်းတွေ့နေသောသူ၏မိသားစုနှင့် ရင်းနှီးကျွမ်းဝင်ခြင်းသည် သင့်တို့ နှစ်ယောက်အား အနာဂတ်အတွက် အမြင်များတိုးလာစေခြင်း၊ တန်ဖိုးတူညီမှု၊ ယဉ်ကျေးမှုတို့အတွက် ကောင်းသော သဘောဆောင်သည်။
ကိုယ်ကျင့်တရားမြင့်မားပြီး သူနှင့် အတူရှိနေချိန်တွင် သင်၏ အဆင့်အတန်းနှင့် တန်ဖိုးကို ထိန်းသိမ်းနိုင်သည့် လူမျိုးကိုသာ ရွေးချယ်ပါ။ ချိန်းတွေ့နေသော လူပျိုနှင့် မိန်းမပျို တို့သည် တစ်ဦး၏ ဂုဏ်သိက္ခာနှင့် သီလ ကို တစ်ဦးက ကာကွယ်စောင့်ရှောက်ပေးရမည်ကို သတိရပါ။
လူများ အထင်ကြီးခံရဖို့ထက် ငွေကုန်ကြေးကျ သက်သာပြီး၊ အကောင်းသဘောဆောင်သော၊ လုံခြုံမှုရှိသော ၊တစ်ယောက်အကြောင်းတစ်ယောက် ပိုသိလာစေသော Dating Activities များရေးဆွဲ အသုံးချပါ။ သင့်တန်ဖိုး၊ သင့်ကိုယ်ကျင့်တရားနှင့် ယုံကြည်မှုများကို ထိန်းသိမ်းနိုင်မည့် နေရာများကိုသာ သွားပါ။
ယေဘုယျအားဖြင့် လူပျိုများသည် ချိန်းတွေ့ဖို့တောင်းဆိုရာတွင် အရင်ပြောဆိုလေ့ရှိကြသည်၊ ချိန်းတွေ့ဖို့ အစီအစဉ်များ ကြိုတင်ရေးဆွဲကြသည်။ ချိန်းတွေ့ဖို့ တောင်းခံတဲ့အခါ ဒါမှမဟုတ် လက်ခံတဲ့အချိန် ဒါမှမဟုတ် ငြင်းပယ်တဲ့အခါမှာ အမြဲတမ်းကြင်နာပြီးလေးစားမှုရှိပါ။ ချိန်းတွေ့ချိန်၌ သူတစ်ပါးကိုနားထောင်ပြီး သင်၏ခံစားချက်များကိုဖော်ပြသည့်အခါ ယဉ်ကျေးပါ။
သင် အရွယ်ရောက်ပြီး အသက်ကြီးလာသည်နှင့်အမျှ ချိန်းတွေ့ခြင်းနှင့် အိမ်ထောင်ပြုခြင်းကို ဦးစားပေးရွေးချယ်ပါ။ ကောင်းမွန်သောအချိန်ကာလ၌သာမက ကြောက်မက်ဖွယ်ကောင်းသော သောခဲယဉ်းသောကာလများ၌ပါ သင့်အနားရှိသော အဖော်မွန်ကောင်း တစ်ဦး ကိုရှာပါ။