Everyone needs a good and true friend.
A few numbers of good friends are better than tens or hundreds of toxic friends.

A Friend can be a great strength and blessing to you. They will influence how you think and act, and even help determine the person you will become. They will help you be a better person and will make it easier for you to live a happy and successful life if you find the right friend.

Try to make closer friendships with people who share your values so that you can strengthen and encourage each other in living high standards.

To have good friends, be a sincere person and a good friend first. Show genuine interest in others; smile and let them know you care about them not just by words but also through actions. Treat everyone with kindness and respect, and refrain from judging and criticizing those around you. Do not participate in any form of bullying. Make a special effort to be a friend to those who are shy or lonely, have special needs, or do not feel included simply because of their quietness.

Also remember that there are some people who are left out and discriminated against not because of their skin color, ethnicity, or background, but rather because of their horrible work ethics, attitudes, and characters. The better you are at making a difference and finding that balance, the wiser you will be in avoiding these current contemporary social traps. 

As you seek to be a friend to others, do not compromise your standards. If your friends urge you to do things that are wrong and immoral, be the one to stand for the right, even if you stand alone. You may need to find other friends who will support you in keeping and doing what is right.

Set an example of keeping the rules, participating in worthy wholesome activities, and prepare to help others throughout your life.

လူတိုင်းမှာ မှန်ကန်သည့် သူငယ်ချင်းကောင်းတစ်ယောက်တော့လိုအပ်သည်။

အနည်းငယ်သာရှိသော သူငယ်ချင်းကောင်းများသည် ရာနှင့်ချီသော အတုအယောင် သူငယ်ချင်းများထက်ပိုကောင်းသည်။

သူငယ်ချင်းကောင်းတစ်ယောက်သည် သင့်အတွက် ခွန်အားနှင့် ကောင်းချီးတစ်ခုဖြစ်စေပြီး သင်ပြုမူပုံ၊ ပြောပုံဆိုပုံအပေါ်လွှမ်းမိုးမှုရှိသည်။ သင်ဘယ်လိုလူမျိုးဖြစ်လာမည်ကိုပါအဆုံးအဖြတ်ပေးသည်။ သင့်၏ စစ်မှန်သောသူငယ်ချင်း သည် သင့်အား ပိုကောင်းသောလူတစ်ယောက်ဖြစ်လာအောင်၊ သင့်ဘ၀ကို ပိုပြီးပျော်ပျော်ရွှင်ရွှင် ၊ အောင်အောင်မြင်မြင်နေနိုင်အောင် ကူညီပေးလိမ့်မည်။

သင်နှင့် သင့်သူငယ်ချင်း တစ်ယောက်အပေါ်တစ်ယောက် နေထိုင်ရာဘ၀အဆင့်အတန်းကို ကူညီမြှင့်တင်ပေးနိုင်ရန်အတွက် သင် နှင့် အဆင့်အတန်း၊ တန်ဖိုးချင်းတူသော သူများနှင့်သာ နီးကပ်သော ခင်မင်မှုကို တည်ဆောက်ပါ။

သူငယ်ချင်းရဖို့အတွက် အရင်ဆုံး သင့်အနေနှင့် စစ်မှန်ရိုးသားသောသူ၊ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်အောင်အရင်ကြိုးစားပါ။ တစ်ပါးသူတွေအပေါ်စစ်မှန်သော အလေးထားမှုပေးပါ။ ပြုံးပြုံးပျော်ပျော်နေပါ။ သင်သည် သူတို့အပေါ် အလေးထားသည်ကို နှုတ်အားဖြင့်မဟုတ်ပဲ လက်တွေ့သက်သေပြပါ။လူတိုင်းကို ကြင်နာမှု၊ လေးစားမှု တို့နှင့်ဆက်ဆံပါ။ သင့်ပတ်၀န်းကျင်မှလူတွေကို အပြစ်တင်ပြောဆိုခြင်းရှောင်ပါ။ ဘယ်လို အနိုင်ကျင့်ခြင်းမှာ မပါ၀င်ပါနှင့်။ရှက်တတ်သော၊ကြောက်တတ်သော၊ အထီးကျန်နေတတ်သော၊ လိုအပ်ချက်များရှိသော လူနှင့် သူငယ်ချင်းဖြစ်အောင်ကြိုးစားပါ။ သူတို့၏ တိတ်ဆိတ်ခြင်းကြောင့် သင့်မှာလည်းလိုအပ်ချက်ရှိသည်လို့ မထင်ပါနှင့်။

လူတစ်ချို့မှာ သူတို့၏ ပင်ကိုစရိုက်၊ စိတ်သဘောထား၊ အသားအရောင်၊ လူမျိုးဘာသာ၊ နောက်ခံမိသားစု၊ နေထိုင်ရာ ပတ်၀န်းကျင်နှင့် သူတို့၏ ဆိုးရွားသော အလုပ်ကျင့်၀တ်တို့ကြောင့်  ခွဲခြားဆက်ဆံခံရသည်ကို သတိရပါ။ သင့်မှာ ထိုကွဲပြားမှုထဲမှ ဟန်ချက်ညီမှုကို ရှာဖွေနိုင်လျှင် သင်သည် ယနေ့ခေတ်တွင် ဖြစ်ပေါ်နေသော “တန်းတူလူမှုဆက်ဆံရေး” နောက်ကွယ်မှာ ဖြစ်ပေါ်လာတတ်တဲ့ လူမှုရေးပြဿနာများကို ရှောင်လွှဲနိုင်မည်ဖြစ်သည်။

သင် တခြားလူ၏ သူငယ်ချင်းတစ်ယောက်ဖြစ်ဖို့ သင့်အဆင့်အတန်းတွေကို နှိမ့်မချပစ်ပါနှင့်။ သင့်သူငယ်ချင်းသည် သင့်အား ကိုယ်ကျင့်တရားမမှန်သော၊ မကောင်းသောအရာများလုပ်ခိုင်းလာလျှင်၊ သင့်အခွင့်အရေးအတွက် သင်တစ်ယောက်တည်းဖြစ်ပါစေ သင်ကိုယ်တိုင်ရပ်တည် ကာကွယ်ရမည်။ သင့်အား ကောင်းသောအရာများလုပ်ကိုင်ရာတွင် ကူညီပေးမည့် သူငယ်ချင်းများရှာရန်လိုအပ်လိမ့်မည်။

သင့်ဘ၀တွင် စည်းကမ်းရှိခြင်း၊ အကျိုးရှိသော အရာများလုပ်ခြင်း၊ တခြားသူများကိုကူညီခြင်း များလုပ်ကိုင်ရင်း သင့်ကိုယ်သင် ဥပမာကောင်းတစ်ခုဖြစ်အောင်လုပ်ပါ။