Education is an investment that brings great rewards and will open the doors of opportunity that may otherwise be closed to you. Plan now to obtain an education. Be willing to work diligently and make sacrifices if necessary. Share your educational goals with your family, friends, and mentors so that they can advise, support, and encourage you.

Maintain an enthusiasm for learning throughout your life. Find joy in continuing to learn and in expanding your interests. Choose to actively participate in the learning opportunities available to you.

It will help you to have more self-reliance, better provider for yourself, your family, and those in need. It will also help you be a better counselor, companion to your future spouse, and an informed and effective teacher of your future children. Moreover, It will help you to become a wiser charitable steward who just doesn’t give things emotionally that would end up getting into the wrong hands and for the wrong cause.

 

ပညာရေးတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အကျိုးအမြတ်များစွာရရှိစေသော ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး သင့်အတွက် အခွင့်အလမ်းများစွာရရှိစေသလို သင့်အတွက် ဘ၀တွင် မရရှိနိုင်ခဲ့သော အခွင့်အရေးများကို ရရှိစေနိုင်သည်။ ပညာရေးတစ်ခု သင်ကြားရယူနိုင်ရန် အခုပဲ ပြင်ဆင်ပါ။ တက်တက်ကြွကြွ အလုပ်လုပ်ကိုင်ပြီး တစ်ခါတစ်ရံ ပေးဆပ်မှုများ ပေးဆပ်ရန်ကြုံလာခဲ့သော် ပေးဆပ်နိုင်ရန် ပြင်ဆင်ထားပါ။ သင့်၏ ပညာရေးအတွက် ရည်မှန်းချက်များကို သင့် မိသားစု၀င်၊ သင့်Mentor၊ သင့်သူငယ်ချင်းများနှင့်ဝေမျှထားခြင်းဖြင့် သင့်ပညာသင်ယူချိန်တွင် သူတို့၏ အကြံညဏ်များရရှိအသုံးချနိုင်သည်။

သင်၏ သင်ယူလိုသော စိတ်ကို အမြဲတက်ကြွ‌‌အောင် လုပ်ပါ။ သင်စိတ်၀င်စားသော အရာများလုပ်ကိုင်ရာတွင် လည်းကောင်း၊ သင်ယူစရာများ သင်ယူရာတွင်လည်းကောင်း အမြဲတက်ကြွကြိုးစားနေပါ။ သင်သင်ယူရာတွင် အကျိုးရှိမည့် အခွင့်အလမ်းများ ပေါ်ပေါက်လာချိန်တွင်လည်း တက်တက်ကြွကြွပါ၀င်ဆောင်ရွက်ရွေးချယ်နိုင်အောင်ကြိုးစားပါ။

ထိုသို့လုပ်ခြင်းသည် သင့်ကိုယ်သင်ပိုပြီး အားကိုးလာနိုင်သူဖြစ်လာအောင်၊ သင့် မိသားစုအတွက် ထောက်ပံ့ပေးနိုင်သူဖြစ်လာအောင်နှင့် လိုအပ်သော‌သူများကို ကူညီပေးနိုင်သူဖြစ်လာအောင် အထောက်အကူပြုလိမ့်မည်။ နောက်ပြီး သင့်အား ပိုတော်‌သော အကြံပေးသူ၊ သင့်ဇနီးလောင်းအတွက် ပိုကောင်းသော အ‌ဖော်မွန်ကောင်းတစ်ယောက် ဖြစ်လာအောင် ၊ သင့်သားသမီးများအပေါ် အကျိုးရှိရှိ အရာများသင်ကြားပေးနိုင်သော ဆရာကောင်းတစ်ပါးဖြစ်လာစေသည်။ သင့်အား ပို၍လှူနိုင်၊တန်းနိုင်သော အုပ်ထိန်းသူကောင်းတစ်ယောက်ဖြစ်လာအောင် နှင့် သင့်ထံမှ ပိုင်ဆိုင်သော ငွေကြေး၊ပိုင်ဆိုင်မှုများကို သင့်သားသမီးများထံ စိတ်ခံစားမှု အလျောက်ပေးအပ်ပြီး သင့်သားသမီးများ မဟုတ်သည့်နေရာမှာ လျှောက်သုံးသည့် အဖြစ်မှလည်း ကာကွယ်စေပါသည်။