We live in the times of marvelous technologies that give us easy access to a wide variety of knowledge and information.  If you are smart and wise enough, the Internet, mobile devices, video games, television, movies, music, books, magazines and social media can provide you with tons of information and some worthy entertainment.

Through these media you can increase your ability to learn, communicate, and become a force for good in the world. However, some information and entertainment can lead you away from righteous and healthy living. Choose wisely when using media because whatever you read, listen to, or look or swiping around for an hour on social media has an effect on you. Select and choose to watch and read things on media that uplifts you and give you a sense of peace.

Evil things happen and it happens also on media by making what is wrong and evil look normal, humorous, exciting or even look heroic. It tries to mislead you into thinking that breaking and doing wrongful things looks cool and acceptable and has no negative consequences for you or for others or for the society as a whole.

Learn to control and avoid not to attend, view, or participate in anything that is vulgar, immoral, violent, or pornographic in any way. Learn to withstand peer pressures and learn to avoid and ignore encouragements to participate in anything that presents immorality or violence as an acceptable and cool thing. Have the courage to walk out from a group, change your music, or turn off a computer, television, or mobile device if what you see or hear are things that drives away your inner peace of gut feeling.

ကျွန်ုပ်တို့သည်ဗဟုသုတနှင့်သတင်းအချက်အလက်အမျိုးမျိုးကိုအလွယ်တကူရရှိနိုင်သည့်အံ့ဖွယ်နည်းပညာများပေါများသည့်ခေတ်တွင်နေထိုင်သည်။အကယ်၍ သင်သည် လုံလောက်သည့် ဉာဏ်ပညာရှိသည်ဆိုလျှင် အင်တာနက်၊ မိုဘိုင်းထုတ်ကုန်များ၊ ဗီဒီယိုဂိမ်းများ၊ ရုပ်မြင်သံကြား၊ ရုပ်ရှင်၊ ဂီတ၊ စာအုပ်များ၊မဂ္ဂဇင်းများ၊နှင့်လူမှုမီဒီယာသည်သင့်အားသတင်းအချက်အလက်များစွာနှင့်ထိုက်တန်သောဖျော်ဖြေမှုများပေးနိုင်သည်။

ဤမီဒီယာများမှတစ်ဆင့် သင်၏စွမ်းရည်ကိုတိုးမြှင့်ရန် သင်ယူလေ့လာရင်း၊ သင်သည် နည်းပညာမှတဆင့်ဆက်သွယ်ပြောဆိုရာတွင် ကျွမ်းကျင်မှုတိုးလာပြီးနှင့်ကမ္ဘာအတွက်ကောင်းကျိုးဖြစ်လာစေသည်။သို့သော်သတင်းအချက်အလက်နှင့်ဖျော်ဖြေမှုအချို့သည်သင့်အားဖြောင့်မတ်၊ ကျန်းမာသောနေထိုင်မှုမှဝေးကွာသွားစေနိုင်သည်။ဆိုရှယ်မီဒီယာကိုသင်ဖတ်ရှုခြင်း၊ နားထောင်ခြင်း၊ ကြည့်ရှုခြင်းသို့မဟုတ်တစ်နာရီလောက်လျှောက်ကြည့်ခြင်းကသင့်အပေါ်အကျိုးသက်ရောက်သောကြောင့်မီဒီယာကိုအသုံးပြုသောအခါပညာရှိစွာရွေးချယ်ပါ။သင့်ကိုအားတက်စေပြီးသင့်အားငြိမ်းချမ်းမှုကိုပေးသောအရာကိုသာ မီဒီယာပေါ်တွင်ကြည့်ရှုရန်နှင့်ဖတ်ရန်ရွေးချယ်ပါ။

မကောင်းသောအရာများသည် မီဒီယာပေါ်တွင် ဖြစ်ပေါ်လာတဲ့အခါ မကောင်းတာကို ကောင်းသယောင်၊ ပျော်ရွှင်စရာကောင်းသယောင်၊ စိတ်လှုပ်ရှားစရာကောင်းသယောင်၊ တစ်ခါတစ်ရံ သူရဲကောင်းဆန်ဆန်ထင်ရအောင် လူတွေကို အထင်မှားယုံကြည်လာစေပါတယ်။ သင်ကိုယ်တိုင်က မှားယွင်းတဲ့အရာတွေကိုချိုးဖောက်ပြီးလုပ်လိုက်တာက သင့်အမြင်မှာအေးအေးဆေးဆေးပဲလို့ထင်မြင်လာအောင်၊ သင်နှင့် အခြားသူများအပေါ် မကောင်းသော အကျိုးဆက်များ ဖြစ်ပေါ်မလာနိုင်ဘူးလို့ သင်ထင်မှားလာအောင် မီဒီယာပေါ်က မကောင်းတဲ့အရာတွေက သင့်ကိုလှည့်ဖြားဖို့ကြိုးစားပါတယ်။

ကိုယ့်ကိုကိုယ် ထိန်းချုပ်နိုင်အောင်၊ မီဒီယာပေါ်က မကောင်းသော အရာတွေမှာ တစ်နည်းနည်းနှင့် မျောပါမသွားအောင်၊ ကြမ်းတမ်းသော၊ ညစ်ညမ်းသော၊ ယိုယွင်းသော၊ မှားယွင်းသော၊ ကိုယ်ကျင့်တရား မကောင်းစေသော၊ အညှီအဟောက်ဆန်သော အရာများမှာ သင်ပါ၀င်ခြင်းမရှိအောင်၊ အမြင်နှင့်တောင် မကြည့်မိအောင်၊ ကိုယ့်ကိုကိုယ်နိုင်အောင် ထိန်းချုပ်ပါ။ မကောင်းသောအပေါင်းအသင်းများ၏ ဖိအားကို ခံနိုင်ရည်ရှိအောင် ကြိုးစားပါ။ အကျင့်ယိုယွင်းမှုဖြစ်စေသောအရာမှန်သမျှတွင်ပါ၀င်ရန်အားပေးမှုများကိုရှောင်ရှားရန်နှင့်လျစ်လျူရှုနိုင်ရန်သင်ယူပါ။နောက်ပြီး ထိုမကောင်းသောအရာများကို လက်မခံပါနှင့်၊ အေးအေးဆေးဆေးဖြစ်သော အရာလို့လဲမထင်ပါနှင့်။ မကောင်းတဲ့ အဖွဲ့အစည်းမှ ထွက်သွားနိုင်တဲ့ ရဲရင့်မှုရှိအောင်၊ သင် နားထောင်နေကြသီချင်းများအစား သင့်အတွက်ပိုကောင်းစေတဲ့သီချင်းများ နားထောင်တတ်လာအောင်၊သင်ကြည့်နေသော ကွန်ပျူတာ၊ TV၊ ဖုန်းထဲမှာ သင့်ရဲ့ စိတ်ငြိမ်းချမ်းမှုကို ပျောက်ကွယ်စေပြီး မကောင်းတဲ့ ခံစားမှုမျိုးကို သင်ခံစားလာရစေသည့် အရာများပါ၀င်လာပြီဆိုလျှင် ကွန်ပျူတာ၊ TV၊ ဖုန်းတို့ကို ပိတ်ပြီး ရှောင်ဖယ်နေတတ်အောင် လေ့ကျင့်ပါ။