The best way to obtain a happy and faithful marriage is to marry the right person at the right time. But how do you know when you’ve found the right woman Or the right man to settle down with?
Courtship and marriage are the culmination of the development that has taken place throughout the first eighteen to twenty years of life. Courtship allows young men & young women to practice in a limited way the roles and virtues necessary in marriage.
Proper courtship is the phase during which people will decide whether or not to marry a specific person. It should not begin before young men and young women have nearly reached maturity. Plan to do that only after 18 or so.
When couples respect each other enough to practice virtue in every aspect of their courtship, they lay a foundation likely to withstand the most serious assaults during the marriage.
During courtship, a couple practices the merging of two separate lives. Couples should look carefully at one another’s habits and preferences. Clothing, preferences, listening habits, language, hobbies, financial attitudes, personal grooming, manners and courtesies, actions around one’s own family and parents, spiritual values—these and more predict much of what marriage will be. Ordinarily, couples may assume that the other person is behaving as well as possible and, therefore, after marriage some “slipping” is likely. Habits, good or bad, are not easily changed.
“No one is perfect. Courtship is a time to observe and weigh what the other person is like, at his or her best and worst. It is also a time to evaluate one’s self.” Spencer W. Kimball
ပျော်ရွှင်သော၊ သစ္စာရှိသောအိမ်ထောင်ရေးကိုရရှိရန် အကောင်းဆုံးနည်းလမ်းမှာမှန်ကန်သောလူကို မှန်ကန်သောအချိန်မှီလက်ထပ်ခြင်းဖြစ်သည်။ ဒါပေမယ့်သင်အခြေချဖို့ မှန်ကန်သောမိန်းမ(သို့) မှန်ကန်သော ယောက်ျားကို ရှာတွေ့ပြီဆိုလျှင် သင်ဘယ်လိုသိနိုင်မလဲ?။
ပိုးပန်းခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်းသည် ဘ၀ ၏ ဆယ့်ရှစ်နှစ် မှ နှစ်ဆယ်နှစ် အတွင်းတိုးတက်မှု၏အထွတ်အထိပ်ဖြစ်သည်။ ပိုးပန်းခြင်းသည် လူပျိုနှင့်မိန်းမပျိုတို့အားအိမ်ထောင်ရေးတွင်လိုအပ်သော သီလစောင့်ထိန်းမှုနှင့် ကိုယ်စီတာ၀န်ယူရမည့် တာ၀န်တို့ကို အကန့်အသတ်နှင့် သင်ကြားစေသည်။
သင့်တော်သောပိုးပန်းခြင်း၊ ချစ်သူထားခြင်း ဆိုသည်မှာ လူတစ် ဦး က အခြားတစ်ဦး အား သတ်သတ်မှတ်မှတ် နှင့်လက်ထပ်ထိမ်းမြားခြင်း လုပ်သင့်သည်၊ မလုပ်သင့်သည်ကိုဆုံးဖြတ်ရမည့်အဆင့်ဖြစ်သည်။ ထိုအရာကို လူပျိုပေါက်၊ အပျိုပေါက် အရွယ်မရောက်ခင် ကလေးအရွယ်မှာ မလုပ်သင့်ပါ။ အသက် ၁၈ ပြည့်ပြီးမှ လုပ်သင့်ပါတယ်။
စုံတွဲများသည် ပိုးပန်းခြင်းအချိန်အတွင်း တစ်ယောက်အပေါ်တစ်ယောက် သီလစောင့်ထိန်းဖို့ အချင်းချင်းလေးစားမှုအလုံအလောက်ရှိလာသည့်အခါ သူတို့သည် လက်ထပ်ပြီးအချိန်မှစပြီး ကြုံတွေ့ရနိုင်သည့် အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသည့် Foundation တည်ဆောက်ပြီးသား ဖြစ်သွားသည်။
ပိုးပန်းချိန်အတွင်း ချစ်သူနှစ် ဦး သည် သီးခြားဘဝနှစ်ခုကိုပေါင်းစည်းလိုက်ခြင်း ကို လေ့ကျင့်ကြသည်။ စုံတွဲများအချင်းချင်းတစ်ယောက်ကိုတစ်ယောက်ရဲ့အလေ့အထများနှင့် ဦး စားပေးမှုများကို သေချာစွာ လေ့လာကြည့်ရှုသင့်ပါတယ်။ သင့် လက်တွဲဖော်၏ အ၀တ်အစား ၀တ်စားပုံ၊ ဦးစားပေးသည့် အရာများ၊ နားထောင်တတ်သည့်အကျင့်၊ ဘာသာစကား၊ ဝါသနာများ၊ ငွေရေးကြေးရေးသဘောထား၊ တစ်ကိုယ်ရည် သန့်ရှင်းမှု၊ အမူအကျင့်နှင့် ယဉ်ကျေးမှု၊ တစ်ပါးသူ၏ မိသားစု၀င်များ၊ မိဘများ ရှေ့တွင် ပြုမူပုံ၊ စိတ်ဝိညာဉ်ရေးရာတန်ဖိုးများ ကို လေ့လာခြင်းဖြင့် သင်တို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေးက ဘယ်လိုဖြစ်မလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ သာမန်အားဖြင့်၊ စုံတွဲများသည် ကိုယ့်ချစ်သူသည် တတ်နိုင်သမျှကောင်းစွာ ပြုမူသည်ဟုယူဆကြသည်၊ သို့ပေမယ့် အိမ်ထောင်ကျပြီးချိန်မှာတော့ အလွဲလွဲ အချော်ချော်တွေ ဖြစ်လာနိုင်ပါတယ်။ ကောင်းသော (သို့မဟုတ်) ဆိုးသော အလေ့အကျင့်များကို အလွယ်တကူမပြောင်းလဲနိုင်ပါ။
“ဘယ်သူမှ မပြည့်စုံနိုင်ပါဘူး။ ပိုးပန်းခြင်းဟာ သင့် အဖော်၏ ကောင်းသော၊ ဆိုးသော အကြောင်းကို သိရဖို့ လေ့လာရတဲ့အချိန်ပါပဲ။ သင့်ကိုယ်သင်လည်း အဆင့်မြှင့်တင်စေဖို့ အချိန်ကောင်းပါ” Spencer W. Kimball